ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၉-၁-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိမွန်ဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးသူသူဝင်းသည် ရွှေကျင်မြို့နယ် ပျဥ်းမပင်ရပ်ကွက် ဘုရားကြီး စစ်ရှောင်စခန်း၌ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ကျား(၇) ဦး၊ မ(၂၀) ဦး စုစုပေါင်း လူနာဦးရေ (၂၇) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။