ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်မြို့ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၁-၆-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်သူဇာမြင့်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဇင်အေး၊ရုံးအကူ ဒေါ်သဲစုမိုး တို့သည် ပြည်မြို့ ဖိုးခေါင်ရပ်ကွက် ချောင်းနားတန်းရှိ သီတဂူဗုဒ္ဓကောလိပ်မှ သံဃာ (၁၉)ပါးအား ကွင်းဆင်း ဆေးကုသမှု ပြုခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။