the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုမှ (၁၁/၆/၂၀၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့သည်​ ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန စားသုံးသူ​ရေးရာ ဦးစီးဌာနတို့နှင့် ပူး​ပေါင်း၍​ရွှေ​တောင်မြို့​(အမကဖိုး​ခေါင်)ကျောင်းသို့ ဝမ်း​လျောဝမ်းပျက်​ရောဂါအ​ကြောင်း ​ကျောင်းသား ​ကျောင်းသူ (၁၃၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး အမက ကူကြီး​ကျောင်းတွင်​ရေ​သောက်ခြင်း၏ ​ကောင်းကျိုးများအ​ကြောင်း ​ကျောင်းသား​/ကျောင်းသူ(၁၄၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၅၈)ဦး မ(၇၀)ဦး စုစုပေါင်း (၁၂၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း