the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်​ ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃/၁၀/၂၀၂၄) ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည် ​ရွှေ​တောင်မြို့နယ် ပြန်ကြား​ရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့နယ် ယောဒေါင့်ကျေးရွာရှိ ​(အမက ယောဒေါင့်) ကျောင်းသို့ သွားရောက်၍ ဆေးဖက်ဝင်ခရေပင်အကြောင်းကိုကျောင်းသား /ကျောင်းသူ (၇၀)ဦးအား အသိပညာ​ပေး ​ဟော​ပြောခဲ့ပြီး ကျား(၂၈)ဦး မ(၃၂)ဦး စုစုပေါင်း(၆၀)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ရွှေတောင်မြို့နယ် စစ်ကိုင်းကျွန်းရှိ (အမကစစ်ကိုင်းကျွန်း ) ကျောင်း၌ မီးဖိုချောင်သုံးတိုင်းရင်းဆေးဝါးများအကြောင်းကို ကျောင်းသား/ကျောင်းသူ (၂၅)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီးကျား(၁၃)ဦးမ(၇)ဦး စုစုပေါင်း (၂၀)ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ