the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၉-၂၀၂၄) ရက်နေ့ တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်​ ရွှေ​တောင်မြို့နယ်ပြန်ကြား​ရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စားသုံးသူရေးရာ ဦးစီးဌာနအားကစားနှင့် လူငယ်ရေးရာ တို့နှင့် ပူး​ပေါင်း၍​ ရွှေ​တောင်မြို့ရှိ​ (အမက မင်းတဲကျွန်း) ကျောင်းသို့သွားရောက်၍  မျောက်ကျောက်ရောဂါအကြောင်းကျောင်းသား /ကျောင်းသူ (၇၀)ဦးအား အသိပညာ​ပေး ​ဟော​ပြောခဲ့ပြီး ကျား(၂၄)ဦး၊ မ(၃၆)ဦး စုစုပေါင်း(၆၀)ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီး ရွှေတောင်မြို့ရှိ (အမက လှိုင်မြရှင်)ကျောင်းတွင် တကိုယ်ရည်သန့်ရှင်းအ​ကြောင်း ကျောင်းသား/ကျောင်းသူ(၆၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၂၈)ဦး၊ မ(၂၂)ဦး၊ စုစုပေါင်း (၅၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း