the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၁.၃.၂၀၂၄)ရက်နေ့ တွင် ပြည်ခရိုင် ​ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှုး ​ဒေါ်နီလာမြင့်နှင့် လက်​ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည်​ ရွှေ​တောင်မြို့နယ် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့/ အမျိုးသမီးရေးရာအဖွဲ့/ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနများနှင့်အတူနှင့်အတူ ​ရွှေ​တောင်မြို့ ကြာနီကန်ရပ်ကွက် အတွင်းရှိ ဘိုးဘွားများအားအိမ်တိုင်ရာ​ရောက်ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ရာ ကျား(၁၇)​ဦး မ(၂၆)​ဦး စုစု​ပေါင်း ဘိုးဘွား(၄၃)ဦးအားကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးခဲ့ပြီး တိုင်းရင်း​ဆေးဝါးများလှူဒါန်းခဲ့ကြောင်း သိရ သည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း