the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ရွှေ​တောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ   (၆/၂/၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့သည် ​ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင်မြို့​ (အမကဝါးလည်)ကျောင်း၌ မီးဖိုချောင်သုံးတိုင်းရင်းဆေးဝါးများအ​ကြောင်းကို ကျောင်းသား/ ​ကျောင်းသူ (၅၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၁၆)ဦး မ(၂၄)ဦး စုစုပေါင်း (၄၀)ဦးအားကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ပြီး ၎င်းနောက်  အမက(ကြို့ကုန်း)ကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူ (၅၀)ဦးအား တိုင်းရင်းဆေးဝါးသုံးစွဲသူများ သိကောင်းစရာ အကြောင်း အသိပညာပေးဟောပြောခဲ့ကာ ကျား(၁၈)ဦး၊ မ(၂၀)ဦး စုစုပေါင်း (၃၈)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ