the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ ရွှေ​တောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁-၁၀-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်သည်​  ရွှေ​တောင်မြို့နယ်ပြန်ကြား​ရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနအားကစားနှင့် လူငယ်ရေးရာတို့နှင့်ပူး​ပေါင်း၍ ​ရွှေ​တောင် မြို့နယ် နွားမယံကျေးရွာရှိ​ (အမက နွားမယံ)ကျောင်းသို့ ဆေးဖက်ဝင် နနွင်းပင် သိကောင်း စရာအကြောင်းကိုကျောင်းသား/​ကျောင်းသူ (၇၅)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး  ကျား(၃၈)ဦး မ(၃၂)ဦး စုစုပေါင်း(၇၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ရွှေတောင်မြို့နယ် ပုတ္တန်းကျေးရွာရှိ (အမကပုတ္တန်း)ကျောင်း၌ ပါးချိတ်ယောင် ရောဂါသိကောင်းစရာအကြောင်းကို ကျောင်းသား/ ကျောင်းသူ(၈၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၃၉)ဦး မ(၃၆)ဦး စုစုပေါင်း (၇၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း