the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်  ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ​တိုင်းဒေသကြီးဦးစီးဌာနမှူး၏  လမ်းညွှန်ချက် အရ (၁၁-၁-၂၀၂၅)ရက်နေ့တွင် ပြည်ခရိုင်  ပြည်မြို့နယ် တိုင်းရင်းဆေးမှူး  ဒေါ်သိန်းသိန်းဆွေနှင့်  ပြည်ခရိုင်တိုင်းရင်းဆေးမှ အကြီးတန်းစာရေး  ဒေါ်ဝေမာထွန်း တို့သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် စာရေးဆရာအသင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြည်မြို့နယ် အောင်ဆန်း အ.ထ.က ရှိ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးတို့အား ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း ပညာပေးဟောပြောပြီး  ကျား(၂၀)ဦး၊ မ (၃၈) ဦး၊ စုစုပေါင်း(၅၈)ဦးတို့အား ကွင်းဆင်း ဆေးကုသမှု့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်