ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးချက်အရ ၈.၁၀.၂၀၂၄ နေ့တွင် ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ပြည်မြို့ ရွှေဆံတော်ဘုရား ရင်ပြင်တွင် ကျင်းပပြုလုပ်သော ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်း၏ (၄၃) ကြိမ်မြောက်ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲ၌ အခြား နှီးနွယ်ဌာနများနှင့် ပူးပေါင်း၍ Medical Cover ဆောင်ရွက်ခဲ့ရာ ကျား ၇ ဦး မ ၁၀ ဦး စုစုပေါင်း ပေါင်း ၁၇ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။