ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဉီးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဉီးနေဝင်းနှင့် အထွေထွေလုပ်သား ဦးအောင်ကိုကို တို့သည် ပေါင်းတည်မြို့အတွင်းလမ်းမိုးကုတ်ရိပ်သာတရားစခန်းပွဲတွင် (၁၄.၆.၂၀၂၄/၁၅.၆.၂၀၂၄/၁၇.၆.၂၀၄/၁၈.၆.၂၀၂၄/ ၁၉.၆.၂၀၂၄) အထိ(၅)ရက်တိုင် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူနာကျား ( ၄၉ ) ဉီး မ( ၅၄ ) ဦးစုစုပေါင်း( ၁၀၃ ) ဦးကို ဆေးကုသပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။