ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၂-၄-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းရီသည် ပေါက်ခေါင်းမြို့ ဆည်းဆာရိပ်ငြိမ် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဘိုးဘွားများအားကန်တော့ခြင်းနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ ကျား (၄)ဦးနှင့် မ(၁၈)ဦး စုစုပေါင်း ( ၂၂)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။