ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁၁-၇-၂၀၂၄ ရက်နေ့တွင် ခရိုင်တိုင်းရင်းမှူး ဒေါ်ခိုင်ဝါဝါအောင် ဦးဆောင်၍ ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနတို့သည် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းပြီး ပြည်မြို့ အထက-၄ ကျောင်းသို့ ကျောင်းကျန်းမာသွားရောက်ဆောင်ရွက်ခဲ့ရာ ကျား ၂၅ ဦး မ ၂၆ ဦးကျောင်းသားကျောင်းသူ စုစုပေါင်း ၅၁ ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ဝါဝါအောင်မှ ဝမ်းပျက်ဝမ်းလျောရောဂါသိကောင်းစရာအကြောင်းကို ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးအား အသိပညာ ပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသောအကြောင်းအရာများမေးမြန်းခြင်းကို ပြန်လည် ဖြေကြားပေးခဲ့ကြောင်းသိရသည်။