ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှုးကျင်းပသော ၈.၁၀.၂၀၂၄ရက်နေ့တွင် ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်း၏ (၄၃)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပြည်ခရိုင် ပြည်မြို့လေးဆူ ဓာတ်ပျော် ရွှေဆံတော်ဘုရားရင်ပြင်ပေါ်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေး ပညာဦးစီဌာန ပြည်ခရိုင်တိုင်းရင်းဆေးညာဦးစီးဌာမှူးရုံးမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ခိုင်ဝါဝါအောင်မှ တိုင်းရင်းဆေးဝါးများနှင့်လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။