the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ရွှေတောင်မြို့နယ် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်​ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုမှ (၁၃-၆-၂၀၂၄)ရက်နေ့တွင်   မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်တို့သည်​ ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန တို့နှင့်ပူး​ပေါင်း၍​ “အာဟာရနှင့်ဓါတ်စာအ​ကြောင်း”အား ​ ရွှေ​တောင်မြို့​(အမက မူလွန်နတ်​မှော်)ကျောင်းရှိ ကျောင်းသား ​ကျောင်းသူ (၁၂၀)ဦးအား အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး အလက ခွဲ(ခလရ-၁၄)​ကျောင်းတွင် “တိုင်းရင်း​ဆေးပညာအ​ကြောင်း ​သိ​ကောင်းစရာအ​ကြောင်း” အလယ်တန်းအဆင့် ကျောင်းသား​ကျောင်းသူ(၁၅၅)ဦးအားလည်း​ကောင်း၊ “တိုင်းရင်း​ဆေး သုံးစွဲသူများသိ​ကောင်းစရာအ​ကြောင်း”အား မူလတန်းအဆင့်​ ကျောင်းသူ​ကျောင်းသား (၁၃၀)ဦး အားလည်းကောင်း အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၃၂)ဦး၊ မ(၃၈)ဦး၊ စုစုပေါင်း (၇၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း