the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ၂၅ ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး တိုင်းရင်း​ဆေးပညာဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၃-၉-၂၀၂၄ ​)ရက်နေ့တွင် ပြည်ခရိုင်ပြည်မြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး ​ဒေါ်သိန်းသိန်း​ဆွေနှင့် ၂၅ ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှ လက်​ထောက်တိုင်းရင်း​ဆေးမှူး ​ဒေါ်ဇာလီဝင်းတို့သည် ​ခေတ္တရာ ဘိုးဘွားရိပ်သာရှိ အဘိုး (၉ )ဦး အဘွား (၁၅)ဦး စုစု​ပေါင်း (၂၄) ဦးတို့အား တိုင်းရင်း​ဆေးပညာဖြင့်ကွင်းဆင်း​ဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း