ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၇.၆.၂၀၂၄ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်ပန်းတောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်လှတိုးသည် မိုးကုတ်ရိပ်သာကျောင်းသို့ ကွင်းဆင်းဆေးကုသမှူ့ ဆောင်ရွက်ရာ မ ၆၈ ဦး စုစုပေါင်း ၆၈ဦးအား ကျန်းမာရေးစောင့်ရှောက်မှု့ ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။