ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၄-၆-၂၀၂၄)ရက်နေ့တွင် ပဲနွယ်ကုန်းမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အမာကြည်နှင့် ဆေးခန်းအကူ ဒေါ်အိမ့်ကြည်ဖြူတို့သည် ပဲနွယ်ကုန်းမြို့ တပင်ရွှေထီး (တောင်ခြမ်း)မှ အလကခွဲကျောင်းသို့ ကျောင်းကျန်းမာရေးကွင်းဆင်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား ၂၀ဦး နှင့် မ ၄၈ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။