ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှုး၏ လမ်းညွန်မှုဖြင့် ပဲနွယ်ကုန်းမြို့ တိုင်းရင်းဆေးကုဌာနမှ ၁၄.၁၀.၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်အမာကြည်သည် မြို့နယ်တိုင်းရင်းဆေးဆရာအသင်းမှ အလုပ်အမှုဆောင် ဦးဟန်ငြိမ်းနှင့်အတူ ပဲနွယ်ကုန်းမြို့ လေးအိမ်စု ကျောင်းတိုက်ရှိ သံဃာတော်များနှင့် စစ်ဘေးရှောင်ပြည်သူ ကျား၁၀ဦး နှင့် မ ၁၄ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။