ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှူ့ဖြင့် (၁၇-၈-၂၀၂၅)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ခရိုင်တိုင်းရင်းဆေးမှူးရုံး၊ ပဲခူးမြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်းခွဲ (ပဲခူး)တို့ပူးပေါင်း၍ ပဲခူးမြို့၊ပုဏ္ဏားစုရပ်ကွက်တွင် ကျား(၄၀)ဦး၊မ(၁၃၁)ဦး၊ စုစုပေါင်း (၁၇၁) ဦး တို့အား ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်ခဲ့ပြီး ပဲခူးခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအုပ် ဦးအောင်စိုးလွင်မှ တိုင်းရင်းဆေးပညာဖြင့် ပြည်သူလူထုအားကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းအစွမ်းထက် မြန်မာ့တိုင်းရင်းဆေးများအကြောင်း သိကောင်းစရာများကိုအသိပညာပေး ဟောပြောခဲ့ပါသည်။