ပဲခူးတိုင်းဒေသကြီးပဲခူးခရိုင် ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ၆.၇.၂၀၂၅ရက်နေ့တွင် ပဲခူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းဆေးမှူးသည် သပြေကုန်းဘိုးဘွားရိပ်သာရှိ အဘိုး,အဘွားများအားတိုင်းရင်းဆေးပညာဖြင့်ဆေးကုသမှုပေးခဲ့ရာ ကျား ၅ဦး မ ၁၃ဦး စုစုပေါင်း ၁၈ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။