ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဉီးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာ ဉီးစီးဌာန တိုင်းဒေသကြီးဉီးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့်ပြည်ခရိုင် ပေါင်းတည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဉီးနေဝင်းနှင့်အထွေထွေလုပ်သား ဉီးအောင်ကိုကို တို့သည် ပေါင်းတည်မြို့ အတွင်းလမ်း မိုးကုတ်ဓမ္မရိပ်သာ၌ (၉. ၆. ၂၅) မှ (၁၃. ၆. ၂၅) ရက်နေ့အထိ (၅) ရက်တိုင်တရားစခန်းဝင်ယောဂီ ကျား ၄၇ ဦး မ ၇၃ ဦးစုစုပေါင်း ၁၂၀ ဉီးကိုတိုင်ရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှု့ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။