ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၁၄-၁၁-၂၀၂၃ ရက်နေ့တွင် နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုသည် ဇီးကုန်းမြို့ ဘိုးဘွားရိပ်သာ၌ အခမဲ့ကွင်းဆင်း ဆေးကုသရေးဆောင်ရွက်ရာအမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၉)ဦးတို့အား ဆေးကုသမှူ ပေးနိုင်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဆီးချိုရောဂါအကြောင်း သိကောင်းစရာ Talk show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။