the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ရေတာရှည်မြို့မှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင် (၁၆)ကုတင်ဆံ့တိုင်းရင်း​ဆေးရုံ၊​ ရေတာရှည်မြို့မှ ၁၉-၁၁-၂၀၂၃ ရက်နေ့တွင် (၂၂) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်း​ဆေးပညာ နှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်း​ဆေးကုသခြင်းအား ​တောင်ငူခရိုင် တိုင်းရင်း​ဆေးကုဌာနမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်ညိုညိုဝင်းဦး​ဆောင်၍​ ရေတာရှည် မြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်​မေနှင်း၊ (၁၆)ကုတင်ဆံ့တိုင်းရင်း​ဆေးရုံ၊​ရေတာရှည်မြို့မှ ဒုတိယတိုင်းရင်း​ဆေးမှူး​ ဦး​မောင်​မောင်သန့်၊ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်ခင်စန်းလှိုင်တို့သည် ​ရေတာရှည်မြို့၊​ ရွှေဂူ​တောရ​ကျောင်းဓမ္မရိပ်သာ၌ ကျား(၂၀)ဦး၊ မ(၃၂)ဦး စုစု​ပေါင်း(၅၂)ဦးအား ကျန်မာ​ရေး​စောင့်​ရှောက်မှု​ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း