ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဋ္ဌာနမှ ၁၅-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်းသည် မြို့နယ်၏ တာဝန်ပေးချက်အရ ရွှေဝက်တိုးကျောင်းဓမ္မာရုံ ရေဘေးရှောင်စခန်းသို့ ရောက်ရှိလာသည့် ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဋ္ဌာနမှ သူနာပြုဆရာမများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှူ ပေးခဲ့ရာ ကျား(၂၀)ဦး၊ မ(၄၀)ဦး တို့အား ဆေးဝါးကုသမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။