ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေနှင်းနှင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံ တို့ပူးပေါင်း၍ (၄-၃-၂၀၂၄)ရက်နေ့ နံနက်၁၁:၀၀နာရီအချိန်၌ ရေတာရှည်မြို့ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ အဘိုးအဘွားများနှင့်ဝန်ထမ်းများ (၄၀)ဦးအား သွေးတိုးရောဂါနှင့် ဆောင်ရန်ရှောင်ရန်များအကြောင်းကို ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်စန်းလှိုင်မှ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး ကျား (၁၀)ဦး၊ မ(၂၇)ဦး၊ စုစုပေါင်း (၃၇)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။