ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ မှ ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့သည် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲအကြိုကွင်ဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်းကို ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ ထန်းကုန်းအထက(ခွဲ)ကျောင်းသို့ သွားရောက် ဆောင်ရွက်ခဲ့ရာ ကျား(၅၃)ဦး မ(၇၂)ဦး စုစုပေါင်း(၁၂၅)ဦးအား ချောင်းဆိုးခြင်း၊ ပန်းနာရင်ကြပ်ရောဂါအ ကြောင်းနှင့် သုံးစွဲကုသနိုင်သော ဆေးဖက်ဝင်အပင်များအကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ၃၂ ဦး၊ ကျောင်းသူ ၄၅ ဦး၊ ဆရာမ၇ ဦး စုစုပေါင်း ၈၄ ဦးတို့အား ဆေးကုသပေးခဲ့ကြောင်း သိရသည်။