ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၆-၁၁-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် (၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြိုကွင်ဆင်းဆေးကုသခြင်းနှင့်ပညာပေးဟောပြောခြင်းကို ဖြူး(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းတို့နှင့်ပူးပေါင်း၍ထန်းကုန်းအလက(ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့ရာကျား(၅၃)ဦး မ(၇၂)ဦးစုစုပေါင်း(၁၂၅)ဦးအားတိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာခေါင်းစဥ်ဖြင့်ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။