ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၇-၁၀-၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ Cambodia နိုင်ငံထုတ် Gingsing Pro BioGrand ကျန်းမာရေးဖြည့်စွက်စာအားရောင်းချခြင်းရှိ/မရှိ စစ်ဆေးပြီးအနောက်တိုင်းဆေးများရောနှောထားသည့် ဆေးဖြစ်သောကြောင့်ရောင်းချခြင်းမပြုရန်မှာကြားခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။