the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ Talk Show ပြောကြားခြင်း

တိုင်းရင်း​ဆေးပညာဦးစီးဌာန ပဲခူးတိုင်း​ဒေသကြီး​ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ၂၆-၁၀-၂၀၂၄ ရက်​နေ့တွင် တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်း​ဆေးမှူး​ ဒေါ်ဝင်းဝင်း​အေးသည် ပြန်ကြား​ရေးဝန်ကြီးဌာန ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဖြူးမြို့နယ်ပြန်ကြာ​ရေးနှင့် ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာနမှူးရုံးတွင် ကြပ်ထုပ်အ​ကြောင်းသိ​ကောင်းစရာနှင့် ကြပ်ထုပ်ထိုး ကုသသင့်​သော​ရောဂါများအ​ကြောင်းအသိပညာ​ပေး Talk Show ​ပြောကြားခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်