ကျန်းမာရေးဝန်ကြီးဌာနတိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် (၁၁-၈-၀၂၅) ရက်နေ့တွင် တောင်ငူခရိုင် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးရာသီတွင်အဖြစ်များသောဝမ်းပျက်ဝမ်းလျှောရောဂါကိုတိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်းခေါင်းစဥ်ဖြင့်အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။