ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၂-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝင်းဝင်းအေးသည် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှဒုတိယတိုင်းရင်းဆေးမှူးဒေါ်ဇင်မင်းထွန်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း၊ အကြီးတန်းစာရေး ဒေါ်မြစန်းအေးတို့နှင့် ပူးပေါင်း၍ ဖြူးမြို့ ရွှေမဟာဗောဓိကျောင်း စစ်ဘေးရှောင်ပြည်သူများအား ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း(၂၁)ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကျား(၉)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၃)ဦးအား ရာသီတုတ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

