the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး​ တောင်ငူခရိုင် ဖြူးမြို့နယ်တိုင်းရင်း​ဆေးကုဌာနမှ (၁၇-၂-၂၀၂၄)ရက်​နေ့တွင် မြို့နယ်တိုင်းရင်း​ဆေးမှူး​ဒေါ်ဝင်းဝင်း​အေးသည် (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံမှဒုတိယတိုင်းရင်း​ဆေးမှူး​ဒေါ်ဇင်မင်းထွန်း၊  ဒုတိယတိုင်းရင်း​ဆေးမှူး​ ဒေါ်တင်နွယ်ဝင်း၊   အကြီးတန်းစာ​ရေး​ ဒေါ်မြစန်း​အေးတို့နှင့် ပူး​ပေါင်း၍ ဖြူးမြို့​ ရွှေမဟာ​ဗောဓိ​ကျောင်း စစ်​ဘေး​ရှောင်ပြည်သူများအား ကွင်းဆင်း​ဆေးကုသခြင်းနှင့် ပညာ​ပေး​ဟော​ပြောခြင်း​ဆောင်ရွက်ခဲ့ရာ ကျား(၉)ဦး၊ မ(၁၂)ဦး၊ စုစု​ပေါင်း(၂၁)ဦးအား​ တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှု​ပေးနိုင်ခဲ့ပြီး ကျား(၉)ဦး၊ မ(၁၄)ဦး၊ စုစု​ပေါင်း(၂၃)ဦးအား ရာသီတုတ်​ကွေး​ရောဂါအ​ကြောင်း ပညာ​ပေး​ဟော​ပြောခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း