ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၁၃-၆-၂၀၂၄)ရက်နေ့ (နေ့လည် ၁:၀၀)နာရီအချိန်တွင် တောင်ငူခရိုင်၊ ဖြူးမြို့(၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်း တို့သည် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ပူးပေါင်း၍ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုပေးခြင်းဆောင်ရွက်ခဲ့ရာ ရွာသူရွာသား(၃၅)ဦးတို့အား “မိုးရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်း” ဟောပြောခဲ့ပြီး ကျား(၁၅)ဦး နှင့် မ(၄၁)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။