the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်း​ဒေသကြီး၊ တိုင်း​ရင်းဆေးပညာဦးစီးဌာန၊ တိုင်း​ဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ၉.၄.၂၀၂၅ ရက်နေ့တွင်​ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး​ ဒေါ်ဝင်းဝင်း​အေးသည် ဖြူး(၁၆) ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှဒုတိယ​ဆေးရုံအုပ်​ဒေါ်စိုးလတ်မီ ဒုတိယတိုင်းရင်း​ဆေးမှူး​ဒေါ်တင်နွယ်ဝင်း၊​ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာ​ရေး​ ဒေါ်မြစန်း​အေးတို့နှင့်ပူး​ပေါင်း၍ ဖြူးဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခဲ့ရာကျား ၅ ဦး၊ မ ၂၈ ဦး၊ စုစုပေါင်း ၃၃ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း