ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ၂.၁၀.၂၀၂၄ ရက်နေ့ နံနက် ၈း၃၀ နာရီတွင် တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွန်မှုဖြင့် ဆေးရုံအုပ် ဒေါ်ခင်စန်လှိုင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေနှင်း တို့သည် ရေတာရှည်မြို့မြောက်နန်ချွန်ကျေးရွာ စိတ္တသုခကျောင်းတိုက်သို့ သွားရောက်ကာ ဥပုသ်သီလဆောက်တည်ကြသော ကျား(၂၅)ဦး၊ မ(၅၀)ဦး၊ စုစုပေါင်း( ၇၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။