ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အား (၂၂-၆-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာထွန်းသည် ပဲခူးမြို့ ဝင်းနိမ္မိတကျောင်းထိုင်ဆရာတော်ဘုရားကြီး၏ အန္တိမစာပန အခမ်းအနား Medical Cover ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။