ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၀-၆-၂၀၂၄) ရက်နေ့၊ နေ့လည် ၁၂ နာရီ တွင် သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်းနှင့် ရုံးအကူ ဦးစောနိုင်ဝင်းထွေး တို့သည် ရွှေဆယ်ဝတီဘိုးဘွားရိပ်သာ၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား၉ ဦး၊ မ၂၁ ဦး ၊ စုစုပေါင်း ၃၀ ဦး တို့ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။