the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တိုင်းရင်း ဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၃-၆-၂၀၂၄)ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင် တို့သည်​ ရွှေ​တောင်မြို့နယ် ပြည်သူ့ဆက်ဆံ​ရေးနှင့်ပြန်ကြား​ရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာန တို့နှင့် ပူး​ပေါင်း၍​ ရွှေ​တောင်မြို့​ (အမက-မူလွန်နတ်​မှော်) ကျောင်းသို့ “အာဟာရနှင့်ဓါတ်စာ”အ​ကြောင်း ​ကျောင်းသား/​ကျောင်းသူ (၁၂၀)ဦးအား အသိပညာ​ပေးဟော​ပြောခဲ့ပြီး အလကခွဲ (ခလရ-၁၄)​ကျောင်းတွင် “တိုင်းရင်း​ဆေးပညာအ​ကြောင်း​သိ​ကောင်းစရာ” ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့်ကျောင်းသား​ကျောင်းသူ (၁၅၅) ဦး အားလည်းကောင်း၊ “တိုင်းရင်း​ဆေးသုံးစွဲသူများသိ​ကောင်းစရာ” အ​ကြောင်းခေါင်းစဉ်ဖြင့် မူလတန်းအဆင့်​ ကျောင်းသား​ကျောင်းသူ (၁၃၀)ဦး အားလည်းကောင်း အသိပညာ​ပေး​ဟော​ပြောခဲ့ပြီး ကျား(၃၂) ဦး၊ မ(၃၈) ဦး၊ စုစုပေါင်း (၇၀) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း