the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ခရိုင်ပေါက်ခေါင်းတိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပေါက်ခေါင်း တိုင်းရင်းဆေးကုဌာနမှ (၉-၇-၂၀၂၄)ရက်နေ့တွင် မြို့နယ် တိုင်းရင်းဆေးမှူးဒေါ်ခင်သိန်းရီသည်    ပေါက်ခေါင်းမြို့နယ်၊ ချောင်းစောက်ကျေးရွာ မူလတန်း ကျောင်းသို့သွားရောက်၍ လူနာကျား    (၁၃)ဦး မ(၂၂)ဦး စုစုပေါင်း(၃၅) ဦးအား ကွင်းဆင်း ဆေးကုသ ပေးခဲ့ပြီး ဝဲယားနာအကြောင်းသိကောင်းစရာအကြောင်းကို ကျောင်းသားကျောင်းသူ စုစုပေါင်း(၅၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း