the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ နှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသ​​ကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၃-၆-၂၀၂၄ ရက်နေ့ (နေ့လည်၁:၀၀)နာရီအချိန်၌ တောင်ငူခရိုင်၊ ဖြူးမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်ကြသော ဒေါ်ဇင်မင်းထွန်းနှင့် ဒေါ်တင်နွယ်ဝင်းတို့သည် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမ ဒေါ်ဝင်းဝင်းအေးနှင့် ပူးပေါင်း၍ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ရွာသူရွာသား (၃၅)ယောက်တို့အား “မိုးရာသီတွင်ဖြစ်တတ်သောရောဂါများ အကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကျား(၁၅)ဦး နှင့် မ (၄၁)ဦး တို့အား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း