ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၈.၁၁.၂၀၂၃ရက် နေ့၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်နွယ်ဝင်း၊ ရုံးအကူ ဦးစောနိုင်ဝင်းထွေးတို့သည် ရွှေဆယ်ဝတီဘိုးဘွားရိပ်သာ၌ အခမဲ့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၉)ဦး၊ မ (၂၁)ဦး၊ စုစုပေါင်း (၃၀) ဦးတို့အား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။