ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းဒေသကြီးဦးစီးဌာ နမှူး၏ လမ်းညွှန်မှုဖြင့် ၂၇-၁၀-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးချစ်သည် မြို့ပေါ်ရှိဆေးဆိုင်များတွင် GINSING Pro Bio Grang Co.Ltd Thailand ဆေးရောင်းချခြင်းရှိ/မရှိစစ်ဆေးရာရောင်းချခြင်းမရှိပါကြောင်းနှင့် ဤဆေးသည်အနောက်တိုင်းဆေးများရောနှောထားသည့်ဆေးဖြစ်သောကြောင့်ရောင်းချခြင်းမပြုရန်မှာကြားခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။