ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ပန်းတောင်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၇-၁၀-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ် ခင်လှတိုးသည် မြို့ပေါ်ရှိဆေးဆိုင်များတွင် GINSING Pro Bio Grang Co.Ltd Thailand ဆေးရောင်းချခြင်းရှိ/မရှိစစ်ဆေးရာရောင်းချခြင်းမရှိပါကြောင်းနှင့် ဤဆေးသည် အနောက်တိုင်းဆေး ရောနှော ထားသဖြင့် ရောင်းချခြင်း မပြုရန်မှာကြားခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။