ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၂၇.၁၀.၂၀၂၃ ရက်နေ့တွင် တောင်ငူခရိုင်၊ ရေတာရှည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ် မေနှင်းသည် မြို့နယ်ကျန်းမာ ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်တို့ပူးပေါင်း၍ မြို့ပေါ်အတွင်းရှိ ဆေးဆိုင်များကို သွားရောက်စစ်ဆေးခဲ့ရာ Cambodia နိုင်ငံထုတ် Gingsing Pro Bio Grand ကျန်းမာရေး ဖြည့်စွက်စာအား ရောင်းချခြင်းမရှိကြောင်း၊ ဤဆေးသည် အနောက်တိုင်းဆေးဝါးများ ရောနှောထားသည့် ဆေးဖြစ်သော ကြောင့် ရောင်းချခြင်းမပြုရန်ပါမှာကြားခဲ့ကြောင်း သိရသည်။