the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖြူးမြို့ ၁၆ ခုတိုင်းရင်း‌ဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ၁၇.၁. ၂၀၂၄ နေ့တွင် ဖြူးမြို့ ၁၆ ခုတိုင်းရင်း‌ဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်း၊ အကြီးတန်းစာ‌ရေး ဒေါ်မြစန်း‌အေးနှင့် အကြီးတန်းစာ‌ရေး ဦးလှမျိုးတို့သည် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝင်းဝင်းအေးနှင့်ပူးပေါင်း၍ မြို့အရှေ့ရပ်ကွက်၌ ကျန်းမာရေးပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား ၅ ဦး မ ၁၇ ဦး   စုစုပေါင်း ၂၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သန်တုတ်ရောဂါနှင့်အရေပြားယားယံခြင်း၊ အအေးမိနှာစေး အဖျားရောဂါအကြောင်းတို့ကို ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ