ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှု့ဖြင့် ပြည်ခရိုင်ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေသည် ၁၂-၁-၂၀၂၄ ရက်နေ့တွင် ပြည်မြို့ ခေတ္တရာဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့်ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ရာ ကျား ၈ ဦး မ ၁၁ ဦး စုစုပေါင်း ၁၉ ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။