တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင် မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြိုနယ်တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက် တိုင်းရင်းဆေးမှုး ဦးငြိမ်းမောင်မောင် ဦးဆောင်သော အဖွဲ နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ၈-၄-၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့ ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသရာ ကျား ၅ ဦး၊ မ၁၅ ဦး၊ စုစုပေါင်း ၂၀ ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးတွင် Talk Show အစီအစဉ်ပြုလုပ်ရာ ၀မ်းပျက်၀မ်းလျှောရောဂါအကြောင်းသိကောင်းစရာ အသိပညာပေးပောာပြော ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။