ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှုး၏ လမ်းညွှန်မှုဖြင့် ညောင်လေးပင်မြီု့နယ် တိုင်းရင်းဆေးကု ဌာနမှမြို့နယ် တိုင်းရင်းဆေးမှုး ဒေါ်ခင်သိန်းဌေးဦးနှင့် လက်ထောက်တိုင်းရင်းဆေးမှုးဦးဆောင်သောအဖွဲနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၁၂-၃-၂၀၂၄ ရက်နေ့တွင် ညောင်လေးပင်မြို့ ဘိုးဘွားရိပ်သာသို့ ကျား (၃) ဦး၊ မ (၁၃)ဦး စုစုပေါင်း ဘိုးဘွား (၁၆)ဦး တို့အားအခမဲ့ ကွင်းဆင်းဆေးကုသခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှုးရုံး၌ ကျင်းပပြုလုပ်သော ဆီးချိုရောဂါနှင့် တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်အား သွားရောက် ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




