မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၄-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့ ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာသို့ ကျန်းမာရေးစောင့်ရှောက်၍ ဆေးကုသပေး ခြင်းတွင် ကျားလူကြီး (၉)ဦး၊ မ လူကြီး (၂၄)ဦး၊ စုစုပေါင်း (၃၃)ဦး တို့အား ဆေးကုသပေးခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။