ပဲခူးတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသခြင်းအား (၁၅.၁၁.၂၀၂၃)နေ့တွင် ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်နှင်းထိုက်တိုး ဦးဆောင်၍ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်၊ အငယ်တန်းစာရေး (၃)ဦးနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဦးသက်လုံဦးတို့သည် ဥက္ကံအုပ်စု ဖလံကုန်းကျေးရွာ၊ ဖလံကုန်းဘုန်းကြီးကျောင်း၌ အခမဲ့ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ရာ လူနာဦးရေကျား ( ၂၁)ဦး ၊ မ ( ၄၁ )ဦး စုစုပေါင်း( ၆၂ )ဦးတို့အားဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။